Sunday, December 30, 2012

မကြာမှီလာမည်မျှော်

ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်
.....................................................................

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်း လုပ်ကိုင်သော NEC ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံရန် ဂျပန် အခြေစိုက် KDDI၊ NEC ကုမ္ပဏီများ အပါအဝင် နိုင်ငံတကာ မှလည်း ဆက်သွယ်မှုများ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်လ်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက The Voice Weekly သို့ ပြောကြားသည်။

NEC ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ဆက်သွယ်ရေး စနစ်များနှင့် ချိတ်ဆက်၍ ရေအောက် အင်တာနက် ကေဘယ် စနစ် ချိတ်ဆက်မှု လုပ်ငန်းများ၊ စက်မှုဇုန် များအတွက် နည်းပညာ ပိုင်း ဆိုင်ရာ အခြေခံ အဆောက်အဦးများ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စနစ်များ၊ လုံခြုံရေး စနစ်များ နှင့် e-Government စနစ်များ စသည့် လုပ်ငန်းများ ကိုလည်း လုပ်ကိုင် ဆောင်ရွက် နေသော ကုမ္ပဏီကြီး ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ဆိုင်ရာ ကုမ္ပဏီ NEC သည် NTT Data နှင့် KDDI တို့ပြီးနောက် မြန်မာနိုင်ငံတွင် တတိယမြောက် ရင်းနှီးမြှပ်နှံသော ဂျပန် နည်းပညာ ကုမ္ပဏီ ဖြစ်သည်။

 The voice weekly မှ

Saturday, December 29, 2012

မရှက်တတ်ဘူး အစိုးရပညာတတ်ကြီးတို့ရေ

ရှက်ဘူးလာတန်ဖိုးနည်းကြီးရေ.....
Ref>>>စတုထ္ထလှိုင်း

Huawei Y220T ကို ငွေကျပ် 65000 ဖြင့် ၀ယ်ယူရရှိနိုင်ပါပြီ။

Android ဖုန်းတွေအတွက် မြန်မာနှစ် 100 ပြက္ခဒီန်ပါ

မန်မာနှစ် တစ်ရာပြက္ခဒိန် ကိုလိုချင်တဲ့သူတွေအတွက်ပါ.... မရလိုက်တဲ့သူတွေရှီနေလို့ ထပ်ပြီးတင်ပေးလိုက်ပါတယ်... အောက်မရောက်အောင်တော့ Commant ပေးခဲ့ကြပါဗ

ဒါက ပလုံစတေး ပလေးစတိုးက https://play.google.com/store/apps/details?id=com.mmyear100

ဒါကတော့ 4 Shared က http://www.4shared.com/get/cajUWvLT/mmyear100.html;jsessionid=6543F2DC651B67905092995480D7DD7B.dc323

ဒါကတော့ Drop Box ဟီးအကိုတစ်ယောက်တင်ပေးထားတာ
https://www.dropbox.com/s/om0319dzgb88syv/Fake%20SMS.apk
https://www.dropbox.com/s/jqqz6tay968294q/mmyear100.apk

ဒါကတော့ မီးတောက်က
http://www.mediafire.com/?1p0xifct9a5i49k

ဒါလေးကတော့ တိုက်ရိုက်လင့်
http://goo.gl/yVMIV

အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်ဗျ...
လင့်တွေကတော့ အကိုတွေကပေးထားတာကိုစုပေးထားတာပါ...
လင့်ပေးတဲ့အကိုတွေကိုလည်းကျေးဇူးတင်ပါတယ်....

ပြားပြီးကပ်နေရာမှ ကားပြီးပြတ်လာရခြင်းအကြောင်း


ပြားပြီးကပ်နေရာမှ ကားပြီးပြတ်လာရခြင်းအကြောင်း
- သူရဿဝါ -

မိုဘိုင်းလ်ဖုန်း ဆိုတာ ဒီနေ့ အချိန်၊ ဒီနေ့ အခြေအနေ မှာတော့ အရင် တုန်းကလို ပိုက်ဆံ တတ်နိုင်တဲ့ လူတန်းစား တစ်ရပ်ရဲ့ ဇိမ်ခံ ပစ္စည်း တစ်မျိုး ဆိုတဲ့ နေရာမှာ မရှိတော့ ပါဘူး။ ဟုတ်တယ် … တဖြည်းဖြည်း ကျဆင်း လာတဲ့၊ ကျဆင်း လာနိုင် ဦးမယ့် အနေအထား ရှိနေတဲ့ မိုဘိုင်းလ် ဖုန်းတွေဟာ လူလတ်တန်းစား အများစုနဲ့ အခြေခံ လူတန်းစား အနည်းငယ် တို့ရဲ့ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက် (ရှားရှားပါးပါး ဖုန်းလိုင်း ကလေးများ ကြည်လင် ရှင်းသန့် နေတဲ့ အချိန်မျိုး မှာတော့ ထိထိရောက်ရောက် ပေါ့လေ) အကူအညီ ပေးနိုင်နေပြီ ဖြစ်တဲ့ အခြေခံ လူသုံးကုန် ပစ္စည်း တစ်မျိုး အသွင်ကို တဖြည်းဖြည်း ကူးပြောင်း လာနေ ပါပြီ။

လက်ကိုင် ဖုန်းလေး ခါးချိတ်ပြီး သူခိုး ရွှေရ တပြပြ သွားကြတဲ့ ခေတ် မဟုတ်တော့ သလို၊ အဲသလို ဖုန်းလေး ခါးချိတ် သွားတဲ့ လူကို မြင်ရင် အထင်ကြီး လေးစားတဲ့ မျက်လုံးမျိုး တွေနဲ့လည်း လိုက်မကြည့် ကြတော့ ပါဘူး။ လူကျပ်တဲ့ ဘတ်စ် ကားပေါ် လက်ကိုင်ဖုန်းက ဖုန်းသံ မြည်လာတဲ့ အခါ ဘေးက လူတွေကို စမတ်ကျကျ တစ်ချက်လောက် ဝေ့ကြည့် လိုက်ပြီးမှ ဟန်ပါပါ ဖုန်းကလေး နားမှာ ကပ်ပြီး “ဟယ်လို .. ဟယ်လို” လုပ်တဲ့ခေတ် မရှိတော့ သလို ကားပေါ်က လူတွေ ကလည်း အဲဒီလို ကြားရတဲ့ ဖုန်းသံကို စပယ်ယာရဲ့ အော်ဟစ် ငေါက်ငန်းသံ လောက်တောင် အရေးတယူ မလုပ်ကြ တော့ပါဘူး။ ဒါပေမယ့် … အဲဒီလို လက်ကိုင်ဖုန်း တွေနဲ့ ဆက်စပ် ပတ်သက်တဲ့ ပစ္စည်း ပစ္စယ အချို့ ကတော့ အရင်က မိုဘိုင်းလ် ဖုန်းတွေ ယူထားခဲ့တဲ့ “လူကုံထံ ဇိမ်ခံ ပစ္စည်း” နေရာကို တရွေ့ရွေ့ ရောက်ရှိ လာနေ ပါတယ်။ ဘာများပါလိမ့် …။ အဲဒါက ဘာများ ဖြစ်နိုင် သလဲ ဆိုတော့ …။

အဲဒါက ဘာလဲ ဆိုတော့ အရည်အသွေးမြင့် ဟန်းဆက် (သုံးနေရင်း တန်းလန်း ကိုပဲ ခဏ ခဏ “ဟန်း” သွား တတ်တဲ့ လက်ကိုင်ဖုန်း “စက်” အခွံတွေ အတွက် ကတော့ ဒီနာမည်က အံဝင်ခွင်ကျ) တွေပါပဲ။ ကမ္ဘာ အနှံ့ ဟန်းဆက် လောကကို လွှမ်းမိုး ထားတဲ့ Apple နဲ့ Samsung ကုမ္ပဏီ တွေက အခု နောက်ဆုံး အသစ် ထုတ်နေ ကြတဲ့ ဟန်းဆက် အမျိုးအစား တွေရဲ့ အရည်အသွေးနဲ့ ဈေးနှုန်း တွေက အဲဒါကို သက်သေထူ နေတာပေါ့။ သူတို့ ကလည်း တော်တော့်ကို လည်ကြ ပတ်ကြ ပါတယ်။ အရည် အသွေး မြင့်၊ ဈေးနှုန်းမြင့် ဖုန်းတွေကို ထုတ်လုပ်ပြီး ပိုက်ဆံ တတ်နိုင်သူ လူတန်းစား တွေရဲ့ ဈေးကွက်ကို ချုပ်ကိုင် ထားရုံတင် မကဘဲ၊ အရည်အသွေး အသင့်အတင့်၊ ဈေးနှုန်း အသင့်အတင့် တတ်နိုင်တဲ့ လူလတ်တန်းစား တွေရဲ့ လိုအင် ဆန္ဒနဲ့ ဈေးကွက် ကိုပါ ချုပ်ကိုင် ထားနိုင်ဖို့ ကြိုးစား နေကြတယ်။
ဘာပဲ ဖြစ်ဖြစ်လေ .. အဲဒီလို အရည်အသွေးမြင့် ဈေးနှုန်း မြင့်တဲ့ ဟန်းဆက် တွေကတော့ မောင်ဝါဝါတို့ နိုင်ငံရဲ့ အနေအထား အရ ပိုက်ဆံ တတ်နိုင်တဲ့ လူကုံထံ တွေရဲ့ ဇိမ်ခံ ပစ္စည်း တစ်ခု နေရာမှာ အတည်တကျ ရောက်ရှိ နေတယ် ဆိုတာ သေချာ ပါတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ သူတွေက ဟိုဖက်က အသံကြားရရင် ပြီးရော၊ ဒီဖက်က ပြောတဲ့ အသံ ထွက်သွားရင် ပြီးရော ဆိုတဲ့၊ သီချင်း နားထောင်ရုံ လောက်က လွဲပြီး တခြား ဘာဖျော်ဖြေမှုမှ မပေးနိုင် လောက်တဲ့ ဟန်းဆက် လေးတွေသာ ကိုင်ကြပြီး အသင့် အတင့် တတ်နိုင်သူ တွေကတော့ ဂိမ်းတွေ၊ ကင်မရာတွေ၊ အသံ အရည် အသွေးတွေ အသင့် အတင့်လောက် ရှိတဲ့၊ ဈေးနှုန်းလည်း အသင့် အတင့်မှာ ရှိတဲ့ ဟန်းဆက် မျိုးလေးတွေ ဝယ်ယူ အသုံးပြု ကြပါတယ်။ ကင်မရာ ဆိုလည်း တကယ့် ကင်မရာ လောက်နီးနီး ရုပ်ထွက် ကောင်းတဲ့၊ အပလီ ကေးရှင်းတွေ၊ ဂိမ်းအမြင့် တွေလည်း ခပ်မိုက်မိုက် ကစားလို့ ရတဲ့ ဟန်းဆက်မျိုး တွေကိုတော့ ပိုလျှံ ပေါများသူ အချို့ လောက်က လွဲပြီး သိပ်မကိုင် နိုင်ကြ ပါဘူး။

အခု နောက်ပိုင်း နာမည်ကျော် ဖုန်း ကုမ္ပဏီ တွေက ထုတ်လုပ်တဲ့ ဖုန်းတွေဟာ အရည်အသွေး ပိုင်းတင် မဟုတ် တော့ဘူး။ ဖုန်းရဲ့ ပုံသဏ္ဍာန်၊ အထူအပါး စတာတွေ ကိုပါ ချိန်ညှိ ပြီးတော့ ဖုန်းကို လက်ဝယ် ပိုင်ပိုင် မသုံးစွဲ ရသေးခင် ဖုန်းကို မြင်တာ နဲ့တင် ပုံစံလေး ကြိုက်ပြီး ဝယ်ချင်အောင် ဆွဲဆောင်လို့ သုံးစွဲသူရဲ့ အမြင် အာရုံနဲ့ လိုချင် စိတ်ကို ပိုပြီး မြှင့်တင် လာခဲ့ ကြတာ ဖြစ်ပါရဲ့။ ဟန်းဆက် ကောင်းကောင်း တစ်လုံး ထွက်လာ တာနဲ့ အရင် ထုတ်တဲ့ ဗားရှင်းထက် အရည် အသွေး ကောင်းအောင် ပြုလုပ် ရုံတင် မကဘဲ ဖုန်းကို ပါးသထက်ပါး၊ ပြားသထက် ပြားအောင်ကို ထုတ်လုပ် လာနေ ကြတာ ပါပဲ။

“ဒီကောင်လေးက အရင်ကောင်ထက်ကို ပိုပါးပြီး ပိုပြား လာသဟေ့” လို့များ ကြားလိုက်ရင် မောင်ဝါဝါ တွေးမိ တာက အရင်ထက်ကို ဈေးလည်း ပိုများ လာမှာ မြေကြီး လက်ခတ် မလွဲပဲ ဖြစ်ရမယ် လို့ပါ။ သူငယ်ချင်းတွေ ဟန်းဆက် ဝယ်ဖို့ ဖုန်းဆိုင်ထဲ ရောက်သွားလို့ ကိုယ်ပါ မယောင်မလည် ပါသွားရင် အထဲမှာ တွေ့တဲ့ ရောင်းတန်း ဟန်းဆက် လေးတွေကို ကြည့်ရင်း အရောင်း ဝန်ထမ်း လေးတွေရဲ့ “ပြားပြား ကပ်ကပ်လေး၊ တကယ့် ပါးပါးလေး၊ ဘာမှ အလေးချိန် မစီးဘူး” ဆိုတာ မျိုးတွေ ကြားရင်ကို အဆိုတော် ဂျောက်ဂျက်ရဲ့ “ပြားပြီး ကပ်နေတာပဲ၊ ပြားပြီး ကပ်နေတာပဲ” ဆိုတဲ့ သီချင်း စာသားလေး တစ်ပိုင်းတစ မောင်ဝါဝါ့ စိတ်ထဲကို ရောက်လာ တတ်ပါတယ်။ သူကတော့ ဘယ်သူ့ကို ရည်ရွယ် သီဆိုမှန်း မသိပေမယ့် မောင်ဝါဝါ့ စိတ်ထဲတော့ ချစ်လှစွာသော တယ်လီဖုန်း ဝါသနာအိုး ပရိသတ် များကို စောင်းပြီး ဆိုနေသလိုပဲ ခံစား ရပါတယ်။ အဲ.. နောက်ထပ် မဆီ မဆိုင် တွေးမိ တာကတော့ ဘန်းစကား တစ်ခုပါ။ အမှတ်မထင် အားလုံးလည်း ကြားဖူး ကြမှာပါ။

“သွားပြီ .. ဒီတစ်ခါတော့ ဒီကောင် တကယ်ကို ကားပြီ ..”
“အရင်က သူများကို လူလည် လုပ်သလောက် သူနဲ့ကျမှ ငါလည်း ကား .. နေတာပဲ”
“ကား” တယ် ဆိုတဲ့ အသုံး အနှုန်းက အခုခေတ် လူငယ်တွေ ပါးစပ်ဖျားမှာ ရှိနေပါတယ်။ မရှုမလှ ခံလိုက်ရ တာကို “ကား” တယ်လို့ သုံးကြတာ ဖြစ်ပါတယ်။ ကားယားကြီး ပုံပျက် ပန်းပျက် ဖြစ်သွားတယ် ဆိုတဲ့ အဓိပ္ပါယ် မျိုးနဲ့ သုံးနှုန်း ကြတယ်လို့ မောင်ဝါဝါတော့ ယူဆ မိတာပါပဲ။ နေပါဦး .. အခုလေးတင် ပါးပြီး ကပ်နေတဲ့ ဖုန်းတွေ အကြောင်း ပြောရာက ဘာမှ မဆိုင်တဲ့ “ကား” ဘန်းစကားဆီ ဘယ်လို ရောက်သွား ရတာတုန်း။ တကယ်တော့ စာဖတ်သူတို့ တွေးနေ သလိုပဲ .. ဘာမှကို မဆိုင်ပါဘူး။ ဒါပေမယ့် မဆီ မဆိုင်၊ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုဟာ ဆွဲတွေး ဒီဟာ ဆွဲတွေး၊ ဟိုကဟာ ဒီကိုကပ် ဒီကဟာ ဟိုကိုကပ်နဲ့ ကြောင်တောင်တောင်တွေ လျှောက်စဉ်းစား တတ်တဲ့ မောင်ဝါဝါ ကတော့ ထုံးစံ အတိုင်းပဲ အဲဒီ နှစ်ခုကို ဆက်စပ် စဉ်းစား ကြည့်လိုက်ပါတယ်။

ဖုန်းကလေးတွေ ဈေးနှုန်း မြင့်လာ လေလေ၊ ပြားပြီး ကပ်လာလေလေ၊ မောင်ဝါဝါ တို့ရဲ့ ငွေကြေး အကုန်အကျ အသုံးစားရိတ် ဟာလည်း အချိုးညီညီ အိတ်ကပ် ထဲကနေ ခုန်ထွက် သွားတတ် ကြတာ မို့လို့ ကိုယ့်ရဲ့ ပိုက်ဆံ အိတ်ကပ် ကလေး တွေလည်း ပြားပြီး ကပ်လာ လေလေ ပါပဲ။ ဒီလိုသာ ဆက်ပြီး သွားကြ စတမ်း ဆိုရင်တော့ မောင်ဝါဝါတို့ မနှေး အမြန် “ကား” ကြတော့ မှာပါပဲ။ ဂိမ်း အကောင်းစား လေးတွေမှ ကစား ချင်သူများ၊ ကင်မရာ အရည်အသွေး မြင့်မြင့် လေးနဲ့မှ စိတ်ချမ်းသာ သူများ၊ ကိုယ်သုံးတဲ့ OS ဗားရှင်း လေးတွေ မြင့်မား နေမှ သဘောကျ သူများ အနေနဲ့တော့ ပြားပြီး ကပ်လာတဲ့ ဖုန်းလေးတွေ နောက်ကို လိုက်ရင်း နဂိုက ဖောင်းနေတဲ့ ပိုက်ဆံ အိတ်ကလေးတွေ တဖြည်းဖြည်း ပြားရင်း ပြားရင်း ကပ်ရင်း ကပ်ရင်းနဲ့ “ပြားပြီး ကပ်” ကုန်ကြတဲ့ အခြေအနေ ကနေ “ကား” ပြီး ရှိစုမဲ့စု လေးတွေ အားလုံး “ပြတ်” ကုန် ကြမယ့် ဘဝကို ရောက်သွား နိုင်တာ မို့လို့ “ပြားပြီးကပ်နေရာက ကားပြီးပြတ်လာရခြင်း အကြောင်းအရင်း” တွေကို မောင်ဝါဝါတော့ မြင်ယောင် တွေးတော နေမိ ပါလေရဲ့ဗျာ။

၁၃ - ဒီဇင်ဘာ - ၂၀၁၂
Net Guide Journal
Volume (2), Issue (65)

မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ

မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ

တစ်စုံတစ်ရာ အကျိုးရှိမှာပါ....

လိုအပ်ရင်သုံးကြည့်ပါလား




ကဲကဲ...
Member တို့ ရေ..
ကျွန်တော်တို့  သုံးနေတဲ့ ဖုန်းတွေက ဈေးနှုန်းအရဆို sim card ထက်တောင် တန်ဖိုးများနေကြတယ်...
တကယ်လို့  ဖုန်းက အခိုးခံရတာတို့ ... မေ့ကျန်ခဲ့တာတို့  ကြောင့် ပျောက်သွားခဲ့ရင် နှမြောစရာမကောင်းဘူးလား...
အဲလိုမဖြစ်ရအောင် နည်းလမ်းလေးတစ်ခုပေးပါမယ်...
___________________
ဖုန်းပျောက် ပြန်ရှာ ခြင်း.
_______________________________
Software လေးတစ်ခုနဲ့  လုပ်ရမှာပါ...
ဘာတွေ လုပ်နိုင်မလဲ ဆိုတော့
ကျွန်တော်တို့ ဖုန်းရဲ့  Location ကို Web ပေါ်ကနေ ရှာလို့ ရမယ်...
ဖုန်းကို Web ကနေ လှမ်းခေါ်လို့ ရမယ်...
message လှမ်းပို့ လို့ ရမယ်...
ပြီးတော့
{ကိုယ့်ဖုန်း ပျောက်နေချိန်မှာ Call Log ကို Web ပေါ်ကပဲ ကြည့်လို့ ရမယ်...
Call Recording ကို နားထောင်လို့  ရမယ်
ကိုယ်သိချင်တဲ့ Date အတော အတွင်းမှာ ရိုက်ထားတဲ့ photos တွေကို ကြည့်လို့ ရမယ်
ှSms တွေ စစ်လို့ ရမယ်...
Phone ကို front camera ရိုက်လို့ ရအောင် web ပေါ်ကနေ ထိန်းချုပ်နိုင်မယ်..
ဘေးနားက အသံတွေကို Recording လုပ်လို့ ရမယ်...}
..........
{ } အတွင်းက feature တွေက Device ရွေးတယ်...
ကျွန်တော့် ဖုန်းမှာတော့ မရဘူး..
တခြား လုပ်ကြည့်ချင်တဲ့ လူတွေ အတွက်ပါ...
..
ကဲ ဘယ်လို လုပ်မလဲ ဆိုတော့

http://db.tt/exwohwJG
မှာ apk ကို ဒေါင်းလိုက်ပါ.
ှုInstall လုပ်ပြီးရင် Open လိုက်ပါ...

အဲ့မှာ Register လုပ်ဖို့  တွေ့ ပါလိမ့်မယ်...
Password and email ကိုသေချာမှတ်ထားပါ..
ကိုယ့် Gmail ထဲကို သူတို့  mail တစ်ခုပို့ လိုက်မယ်...
အဲ့ link ကိုသွားပြီး.. Activate ဖြစ်အောင်လုပ်ပါ...
အဲ့တာတွေ အားလုံးပြီးသွားရင်

www.tispy.net မှာ ၀င်ပါ...
ညာဘက်ထောင့်က Login ဆိုတာကို နိုပ်ပြီး Login လုပ်ပါ...
ပြီးရင် အဲ့မှာ ပါတဲ့ Feature တွေကို သုံးနိုင်ပါပြီ..
ကဲ ဘာလို သေးလဲဗျာ...( နောက်တစ်ခါကျရင် Internet Connection အလန်းစားဖြစ်သွား အောင်လုပ်ဖို့  တင်ပေးပါမယ်...ဒီပိုစ့်လေးကိုလည်း ကြိုက်ရင် Share ပေးပြီး ဒီ page ကို like မလုပ်ရသေးတဲ့ သူငယ်ချင်းတွေလည်း သိသွားအောင် ကူညီနိုင်ကြပါစေ ခင်ဗျာ...) ( I-Phone အတွက်တော့ သည်းခံပေးကြပါခင်ဗျာ... ကျွန်တော်က Self-Study လုပ်ပြီး တင်ရတာ မို့  Testing လုပ်ဖို့  I-Ph မ၀ယ်နိုင်သေးလို့ ပါ ခင်ဗျာ.. ခွင့်လွတ်ပေးစေလိုပါတယ်..)
____________
Admin Hein Thu
itgroupfacebook မှ

အားလုံးဖုန်းတွေ ကိုယ်စီနဲ့

ဝမ်းသာရမှာလား..........၀မ်းနည်းရမှာလား


မထသအထူးကားတွေမှာ ဒရိုင်ဘာဖုန်းတစ်လုံး၊ စပယ်ယာဖုန်းတစ်လုံးတွေနဲ့ အဆင်ပြေနေကြပြီ။
နေ့တိုင်းလိုလို ကြားရတာက-

““ဟလို.. အေး... ဘယ်နှစ်မိနစ်ခြားလဲ။ ပါလာပြီလား။ ဟုတ်တယ်။ အဲ့ကောင်မီးပွိုင့်မှာကျန်ခဲ့ တယ်။ မှတ်တိုင်ကထွက်သွားပြီလား။ ၁၅ မိနစ် ဟုတ်လား။ မောင်း... ဆရာရေ... နောက်ကကောင် ပါလာပြီ””

ကဲ... အဆင်ကိုပြေလို့.... မှတ်တိုင်တွေမှာ ကားဆိုက်တဲ့အချိန်မှတ်သူတွေကလည်း ဖုန်းကိုယ်စီနဲ့။

ဟိုတလောတုန်းက အလုခံရတဲ့အထဲဖုန်းကလေးပါသွားလေတော့ ဆက်သွယ်မှုတွေကပြတ်။
အရေးကြီးရင် ဘေးကဘော်ဒါဖုန်းယူယူဆက်ရ။ တစ်နေ့က မြို့ထဲဆင်းတော့ မထသကားပေါ်မှာ။
ဖုန်းဆက်စရာတစ်ခုရှိလို့ ဘေးကဘော်ဒါဆီက ဖုန်းတောင်းမိတယ်။ ပြဿနာပဲ။ သူ့ဖုန်းမှာ
ငွေလက်ကျန် ၁၂ ကျပ်ဆိုလား။ ဒါဆိုလည်းနေတော့..လို့။ မှတ်တိုင်ရောက်မှဆက်မယ်ပေါ့။

နားစွန်နားဖျားကြားတဲ့ ငွေကောက်စပယ်ယာက လက်ထဲကဖုန်းကိုလှမ်းထိုးပေးတယ်။
““ဆက်လေ”” တဲ့။

ခွီးခွီး..... ရီရမလို.. ငိုရမလို... အဖြစ်က။




အဘဥကာကိုကို facebook မှ

မသိစေချင်တဲ့ ဖုန်း No . message တွေကို password ခံပီး သိမ်းထားလို့ရတဲ့ apk

စက်ရုပ်ဖုန်းမှာ သူငယ်ချင်းတွေမသိစေချင်တဲ့ ဖုန်း No . message တွေကို password ခံပီး သိမ်းထားလို့ရတဲ့ apk လေးပါ 

https://www.dropbox.com/s/o05dnv9xl47gjz0/Vault%20Pro%20myanmar%20mobile%20app%20store.apk

Samsung Galaxy S4 ဗီဒီယိုထွက်ပေါ်



Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ကြည့်ရှုသူ ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

Samsung က တရားဝင်ကြေညာထားခြင်း မဟုတ်သေးတော့ ယင်း ဗီဒီယိုထဲက Samsung Galaxy S4 ကတော့ fake ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဗီဒီယို ဖန်တီးသူတို့ တော်တော် တော်ပါတယ်။ သူတို့ ခန့်မှန်းခြေက အနီးစပ် ဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားကြပါတယ်။

ဗီဒီယိုထဲကအတိုင်းဆိုရင် S4 ကို လေဆာကီးဘုတ်နဲ့တောင် ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကင်မရာက 13 megapixel ရှိပြီး ၅ လက်မ မကတဲ့ မျက်နှာပြင်က 1080p resolution အဆင့်ရှိတဲ့ Grand AMOLED အမျိုး အစား ဖြစ်ပါတယ်။ Processor ကလည်း 2.0GHz 4 quad core ဖြစ်ပါ တယ်။ quad core တောင် လေးခု ပါတယ်ဆိုတဲ့ သဘောဖြစ် ပါတယ်။

အရွယ်ပိုကြီးလာပြီး ပိုလည်းပါးသွားပါတယ်။ မော်ဒယ်ကုဒ်နံပါတ်ကို GT-I9500 လို့တောင် အမည်ပေးထားပါသေးတယ်။ တကယ် ထုတ်ဖော်ပြ သတဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာမှ တကယ်ဟုတ် မဟုတ် မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

Samsung Galaxy S4 ကြာ်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/p5YPaBkhKZI

Aung Kham (TSJ team)

ဖုန်းလာရင် flash မီး လင်းတဲ့ APK လေးပါ

ဖုန်းလာရင် flash မီး လင်းတဲ့ APK လေးပါ

https://www.dropbox.com/s/7vh88g7ors0bh4z/Flash%20Blink%20MMAS.apk
https://www.dropbox.com/s/osy3cs52p891tnl/Flashlight%20call.apk

F-Secure Mobile Security (full version)

ဖုန်းထဲမှာ antivirus ကောင်းကောင်း ရှိချင်သူများ အတွက် ဥရောပ မှာ နာမည်ကြီးနေတဲ့ € 8.12 တန် F-Secure Mobile Security (full version) လေးပါ
အရမ်းမိုက်တယ် သုံးကြည့်နော်
https://www.box.com/shared/ac7r95bpv12zhyqlz3gm