ဇန်န၀ါရီလ ၂ရက်၊ ၂၀၁၃
လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိမယ့်
တန်ဖိုးနည်း ဖုန်းများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံးတွေမှာသာ
ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရောင်းချပေးရာ မှာတော့ ရန်ကုန်မြို့အတွင်း ဗဟိုစာတိုက်ကြီး၊
ပုဇွန်တောင် စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံ စာတိုက်နဲ့
ဆက်သွယ်ရေးရုံး၊ လမ်း ၄၀၊ ပန်းဆိုးတန်းနဲ့ ရွှေဂုံတိုင် တို့မှာ ရှိတဲ့
မြန်မာ့ ဆက်သွယ်ရေး ရုံးများ၊ စာတိုက်များမှာ ရောင်းချပေး သွားမှာ
ဖြစ်ပါတယ်။
ထပ်မံချပေး သွားမယ့် မိုဘိုင်းဖုန်း တွေကို အခုလို
ဆက်သွယ်ရေး ရုံးတွေမှာသာ ရောင်းချ ပေးသွား ဖို့စီစဉ်ရ တာဟာ ပြင်ပမှာ
ရောင်းချခွင့် ရရှိခဲ့ရင် ဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့
အတွက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီလို ရောင်းချဖို့ အတွက် ဈေးနှုန်း
တွေကို အကြမ်းဖျဉ်း သတ်မှတ် ထားပြီး ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်း တစ်ခုဖြစ်တဲ့ Call Centre မှ သိရပါတယ်။
အခုလို သတ်မှတ်
ထားရာမှာ GSM ဖုန်းကတ် အတွက် ကျပ် တစ်သိန်း နဲ့ WCDMA ဖုန်းအတွက်
ကျပ်တစ်သိန်း နှစ်သောင်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။ အခုလို သတ်မှတ်
ရောင်းချပေးမှု အတွက် ဖုန်းအလုံးရေ အကန့်အသတ် မရှိဘဲ တစ်နိုင်ငံလုံးသို့
တစ်ပြိုင်နက် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV 4
Ref>>>သတင်းစုဗူး
ဇန်န၀ါရီလ ၂ရက်၊ ၂၀၁၃
လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိမယ့် တန်ဖိုးနည်း ဖုန်းများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံးတွေမှာသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရောင်းချပေးရာ မှာတော့ ရန်ကုန်မြို့အတွင်း ဗဟိုစာတိုက်ကြီး၊ ပုဇွန်တောင် စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံ စာတိုက်နဲ့ ဆက်သွယ်ရေးရုံး၊ လမ်း ၄၀၊ ပန်းဆိုးတန်းနဲ့ ရွှေဂုံတိုင် တို့မှာ ရှိတဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးများ၊ စာတိုက်များမှာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။
ထပ်မံချပေး သွားမယ့် မိုဘိုင်းဖုန်း တွေကို အခုလို ဆက်သွယ်ရေး ရုံးတွေမှာသာ ရောင်းချ ပေးသွား ဖို့စီစဉ်ရ တာဟာ ပြင်ပမှာ ရောင်းချခွင့် ရရှိခဲ့ရင် ဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့ အတွက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီလို ရောင်းချဖို့ အတွက် ဈေးနှုန်း တွေကို အကြမ်းဖျဉ်း သတ်မှတ် ထားပြီး ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တစ်ခုဖြစ်တဲ့ Call Centre မှ သိရပါတယ်။
အခုလို သတ်မှတ် ထားရာမှာ GSM ဖုန်းကတ် အတွက် ကျပ် တစ်သိန်း နဲ့ WCDMA ဖုန်းအတွက် ကျပ်တစ်သိန်း နှစ်သောင်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။ အခုလို သတ်မှတ် ရောင်းချပေးမှု အတွက် ဖုန်းအလုံးရေ အကန့်အသတ် မရှိဘဲ တစ်နိုင်ငံလုံးသို့ တစ်ပြိုင်နက် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment